Home
မြန်မာသတင်း
ကနီစစ်ဘေးရှောင် ၂ သောင်းကျော် ရိက္ခာနှင့်ဆေးဝါး အကူအညီလိုအပ်နေ
DVB
·
July 9, 2021
215219320_1638103769727945_3323320286500356712_n
214542261_1638103353061320_5526818782482739625_n
211069997_1638103496394639_8882262655467203892_n
210389977_1638103249727997_6012993358437377464_n
199895410_1638103566394632_4639256583444755934_n

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၅ ရွာက ပြည်သူ နှစ်သောင်းကျော် စားဝတ်နေရေးနဲ့ ဆေးဝါးတွေ အရေးပေါ် အကူအညီလိုအပ်နေပါတယ်။ 

စစ်ဘေးရှောင်စခန်းဆိုပြီး သီးခြားဖွင့်ထားတာ မရှိဘဲ နီးစပ်ရာ ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေ၊ ဆွေမျိုးသားချင်းအိမ်တွေနဲ့ တောတောင်တွေမှာ ထွက်ပြေးခိုလှုံနေကြရတာပါ။

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက "အရင်ကပါလာကြတဲ့ ရိက္ခာ၊ ဆေးဝါးတွေကို ချွေတာသုံးစွဲနေကြရတာ။ အလှူရှင်တွေရှိပေမယ့် လူများတော့ လုံလောက်မှုမရှိဘူး။ ရာသီဥတုမမှန်တော့ ဆေးဝါးကလည်း လိုအပ်နေတယ်" လို့  ပြောပါတယ်။ 

လက်ရှိမှာ မိုးရာသီဖြစ်လို့ အမိုးအကာအတွက်လည်း လိုအပ်တာတွေဖြစ်ပေါ်နေပါတယ်။ စစ်ကောင်စီ အကြမ်းဖက်တပ်တွေကလည်း ကျေးရွာတွေမှာ လာရောက်တပ်စွဲတာ၊ စစ်ကြောင်းထိုးတာတွေရှိနေသလို လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ကာ အဖိုးတန်ပစ္စည်းတွေ ရှာဖွေ ယူဆောင်တာ၊ ရိက္ခာယူဆောင်တာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေက ဒေသခံ သတင်းပေးတွေ၊ ပျူစောထီးတွေနဲ့ ပူးပေါင်းကာ တောတောင်တွေထဲအထိ တောနင်းရှာဖွေတာ တဲတွေမီးရှို့တာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ကျေးရွတွေအတွင်း ဝင်ရောက်တဲ့အခါမှာလည်း မိုင်းလို မသင်္ကာဖွယ်ပစ္စည်းတွေ ချထားခဲ့တာတွေလည်း ရှိတဲ့အတွက် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရမှာတွေလည်း စိုးရိမ်မှုတွေ ရှိနေကြတာပါ။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကနီမြို့နယ်က ကျေးရွာတရွာမှာ မပေါက်ကွဲသေးတဲ့ RPG ကျည်တလုံးကို ကိုင်တွယ်ကြည့်ရှုရာက ပေါက်ကွဲမှုဖြစ်ပြီး ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024