စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးအုပ်စု၊ လက်ပံဇင်ကျေးရွာက ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်းမှာ ဇူလိုင် ၅ ရက်က ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဒေသခံတွေ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို နယ်မြေခံ မီးသတ်စခန်းက ပြောင်းရွှေ့ပေးခဲ့ရပါတယ်။
ကျောက်ထုံးကျေးရွာ နယ်မြေခံမီးသတ်စခန်းက သွားရာက်ကူညီပြီး ဒေသခံတွေ မွေးမြူထားတဲ့ နွားနဲ့ မြင်းအကောင်ရေ ၃၀ ကျော်ကို ရေဘေးအန္တရာယ်ကင်းရှင်ရေး ကုန်းမြင့်ရှိရာသို့ ပြောင်းရွှေ့ပေးနိုင်ခဲ့တာပါ။
ရေလယ်ကျွန်းမှာ ဇူလိုင် ၂ ရက်က ကမ်းပါးပြိုလို့ နေအိမ် ၁ လုံး ရွှေ့ပြောင်းပေးခဲ့ပြီး ကျောက်ထုံးကြီးကျေးရွာကို နယ်မြေခံမီးသတ်တပ်ဖွဲ့က နွားတွေ ကူညီရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ကသာမြို့၏ ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်မှာ ၁၀၄၀ စင်တာမီတာဖြစ်ပြီး ဇူလိုင် ၅ ရက် မနက်ပိုင်းက ၈၈၀ စင်တီမီတာသို့ ရောက်ရှိနေရာ စိုးရိမ်ရေမှတ်ရောက်ရှိဖို့ ၁၆၀ စင်တီမီတာ အလို ရောက်ရှိနေတာ ဖြစ်ပါတယ်။