ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့နဲ့ မဖြစ်မနေ ခရီးသွားရပါက ကားမှန်တွေချပြီး မောင်းနှင်သွားလာကြဖို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေး (PDF) က ဒီနေ့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ မြို့နယ်အသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆက်သွယ်ရေးလမ်းကြောင်းတွေမှာ ထိတွေ့မှုတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
မြို့နယ်အသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ဖို့ ဖွဲ့စည်းထားကြတာကြောင့် ပြည်သူလူထု မထိခိုက်အောင် သတိကြီးစွာထားပြီး ဆောင်ရွက်နေကြောင်း၊ ဒီအပေါ် အခွင့်ကောင်းယူပြီး အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေက အိမ်စီးကားတွေကို အသုံးချကာ အလစ်အငိုက် တိုက်ခိုက်လာတာကြောင့် တပ်ဖွဲ့ဝင်များ အထိအခိုက်ရှိနေတာကြောင့် အခုလို ခရီးသွားပြည်သူတွေကို သတိပေးချက် ထုတ်ရတာလို့ ဖော်ပြထားပါတယ်။
ကန့်ဘလူ - ကျွန်းလှ - ကောလင်းလမ်း၊ ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ ကန့်ဘလူ - ကောလင်းဗျူဟာလမ်း၊ မုံရွာ - ယာကြီး - ကလေးဝလမ်း၊ ရေဦး - ကလေးဝ ဗျူဟာလမ်းပိုင်းတွေမှာ အထူးသတိထားဆင်ခြင်ပြီး ကားမှန်ချမောင်နှင်ကြဖို့ PDF က သတိပေးထားပါတယ်။