Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြီးယွက်စစ်နေရာအစားထိုးနိုင်ရေး PPST အစည်းအဝေး ဇူလိုင် ၆ ရက်နေ့ပြန်စမည်
DVB
·
July 3, 2021
207128153_3079978048900028_4614774015299791229_n

ဗိုလ်ချုပ်ကြီးယွက်စစ်နေရာ အစားထိုးနိုင်ရေး  PPST အဖွဲ့ အစည်းအဝေးကို ဇူလိုင် ၆ ရက်နေ့ ပြန်စမယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးပစ်ခက်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ရဲ့ ၁၇ ကြိမ်မြောက်အစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေ မပြီးပြတ်သေးတာကြောင့် ဇူလိုင် ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာ ပြန်လည်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

အခုပြုလုပ်တဲ့ အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ပတ်သက်ပြီး ဘုံသဘောထားချမှတ်နိုင်ရေးအတွက်ဆွေးနွေးကြမှာဖြစ်သလို ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က နုတ်ထွက်စာတင်ထားတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ရှိနေခဲ့တာပါ။ 

ဒါပေမဲ့ ယာယီအဖွဲ့ခေါင်းဆောင် နုတ်ထွက်ခဲ့ရင် သူရဲ့နေရာ အစားထိုးနိုင်ရေးနဲ့ အကူးအပြောင်းကာလမှာ အခုကျင်းပခဲ့တဲ့ အစည်းအဝေးမှာ အဖြေမထွက်သေးဘဲ ၁၈ ကြိမ်မြောက်အစည်းအဝေးထပ်မံပြုလုပ်ဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024