ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦး တွေ့
DVB
·
July 2, 2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဇူလိုင် ၁ ရက် ညနေက ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦးတွေ့ရှိခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ညောင်လေးပင်မြို့က ၇ ဦး၊ ပြွန်တန်ဆာက ၄ ဦးနဲ့ ပိန်းဇလုပ်မြို့က ၁ ဦး တွေ့ရှိတာဖြစ်ပြီး ၁၂ ဦးစလုံးဟာ အနံ့မရလို့ စစ်ဆေးရာမှ ပိုးတွေ့ရှိသူတွေနဲ့ Primary Contact ရှိသူတွေ ဖြစ်ပါတယ်။
ကိုဗစ်တတိယလှိုင်းအတွင်း ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁ ဦး ရှိလာပြီး ဆေးကုသပေးနေတယ်လို့ သိရပါတယ်။