မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာက ပြည်သူ ၆ ဦး ဇွန်လ ၂၉ ရက် မနက် ၅ နာရီခွဲလောက်က ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေဟာ ဦးညီညီထွန်းရဲ့ ခြံကိုဝိုင်းပြီး ဦးညီညီထွန်း ၊ ဦးမော်ကြီးနဲ့ အလုပ်သမား ၄ ယောက် ကို ဖမ်းဆီးသွားတာလို့ ဆိုကြပါတယ်။
“ဦးညီညီထွန်းရဲ့ ခြံမှာလက်နက်တွေရှိတယ်။ PDF တို့နဲ့ ပတ်သက်တယ်။ CDM ထောက်ပံ့တာတွေ လုပ်နေတယ် ဆိုပြီး ဝင်ရှာကြတာ။ အဲ့လို ဝင်ရှာရင်း ဖမ်းခံလိုက်ရတာ။” လို့ ဒေသခံရွာသားတစ်ဦး က ပြောတယ်။
လူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် လိုက်ထရပ်ကားတစ်စီး၊ ငွေကျပ် သိန်း ၃၀ တို့ကိုလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေယူဆောင်သွားတယ်လို့ သိရပါတယ်။
ဇရပ်ကွင်းကျေးရွာက ဖမ်းဆီးခံရသူ ၆ ဦးကို ဘယ်မှာချုပ်ထားတယ်ဆိုတာ မသိရသေးပါဘူး။