ဆေးတက္ကသိုလ်-မကွေးက ဖမ်းဆီးခံကျောင်းသား ၃ ယောက် ဇွန်လ ၂၉ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ မကွေးမြို့ခံတွေဆီကနေ သိရပါတယ်။
ဆေးတက္ကသိုလ်-မကွေးမှ မသွယ်ရတီသီဦး၊ ကိုမင်းသိမ်းကျော်နဲ့ ကိုစည်ဟိန်းတို့ ၃ ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖမ်းဆီးခံရတာဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့ ပြန်လည်လွတ်မြောက်လာတာလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
အဲဒီဆေးတက္ကသိုလ်ကျောင်းသား ၃ ယောက်စလုံးကို အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ-၅၀၅(က) နဲ့ တရားစွဲဆိုခဲ့ပြီး ရက်ပေါင်း ၁၂၁ ရက်အကြာ ၁၃ ကြိမ်မြောက်ရုံးချိန်မှာ ပြန်လည်လွတ်မြောက်လာတာလို့ ဆိုပါတယ်။
မကွေးမြို့မှာ အကြမ်းဖက်စစ်ကောင်စီက သပိတ်စစ်ကြောင်းတွေကို ဖြိုခွင်းဖမ်းဆီးခဲ့တာကြောင့် ကျဆုံး၊ ဒဏ်ရာရသူတွေရှိခဲ့ပြီးတော့ လူဦးရေ ရာနဲ့ချီ မကွေးအကျဥ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ သိရပါတယ်။