ဂန့်ဂေါဘက်ကနေ ကလေးမြို့ဘက် မောင်းနှင်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ လောက် လိုက်ပါလာတဲ့ စစ်ကား ၃ စီးကို ခွေကြိမ်ရွာနဲ့ သံဖိုရွာအကြားမှာ PDF (Kalay) တပ်ဖွဲ့ဝင်တွေက ချုံခိုတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၉ ဦး ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း PDF (Kalay) တပ်ဖွဲ့ဝင်တွေတော့ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဇွန်လ ၂၆ ရက် နေ့လယ် ၁ နာရီဝန်းလောက်ကလည်း ဂန့်ဂေါဘက်ကနေ ကလေးမြို့ဘက် မောင်းနှင်လာတဲ့ ကားအစီးရေ ၂၀ ကျော်ပါ စစ်ကောင်စီ ယာဉ်တန်းအား PDF (Kalay) တပ်ဖွဲ့ဝင်တွေက နတ်ချောင်း - ချောင်းခွ အကျော် ပန်းမွန်ချောင်းတံတားရဲ့ တောင်ဘက် အနီးဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို ယာဉ်တန်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။