Home
မြန်မာသတင်း
လားရှိုးမြို့ပေါ်ရပ်ကွက်အချို့ အသွားအလာကန့်သတ် လော့ဒေါင်းချ
DVB
·
June 21, 2021
199111594_122896129991319_8280904664183239961_n
199111594_122896129991319_8280904664183239961_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကိုဗစ်- ၁၉ ဒုတိယလှိုင်း ကူးစက်ခံရသူဦးရေဟာ နေ့စဉ်တိုးလာနေတာကြောင့် ရပ်ကွက် (၄) နယ်‌မြေ (၁၀) ကို ဇွန်လ ၂၁ ရက်မနကက် စတင်ပြီး အသွားအလာကန့်သတ်ကာ  လော့ဒေါင်း ချလိုက်ပါတယ်။

ဒါ့အပြင် ဇွန်လ ၁၉ ရက်နေ့က စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်တာကို ကန့်သတ်လိုက်ပါတယ်။

ဇွန်လ ၂၀ ရက်နေ့မှာတော့ လားရှိုးညဈေးနဲ့ ဘူတာဈေး‌ကို နှစ်ပါတ်တိတိ ယာယီပိတ်သိမ်းလိုက်ပြီး မြို့မဈေးကြီးကို‌တော့ ဈေးရုံအလိုက် 'မ' ရက် 'စုံ' ရက်ခွဲကာ မနက်တစ်ပိုင်းဖွင့်စနစ်နဲ့ ဖွင့်လှစ်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

လားရှိုးမြို့မှာ ဇွန်လ ၈ ရက်မှ ၁၈ ရက်အထိ ကိုးဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၁၂၁  ဦး ထိရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို ကိုဗစ်- ၁၉ ဒုတိယလှိုင်းကူးစက်ခံရမှုတွေ မြင့်တက်နေပေမယ့် စာသင်ကျောင်းတွေ ကတော့ စစ်ကောင်စီအမိန့်နဲ့ ဖွင့်လှစ်ထားဆဲဖြစ်တာကြောင့် လူထုကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024