မကွေးတက္ကသိုလ်ကျောင်းသား ကိုနိုင်လင်းထွန်း (ခ) နောင်သူရိန်ကို ဇွန်လ ၁၆ ရက်က မကွေးဗဟိုအကျဉ်းထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ သူနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
ကိုနောင်သူရိန်ကို မကွေးအကျဉ်းထောင်တွင်း တရားခွင်မှာ ပုဒ်မ ၅၀၅- က(ဂ) နဲ့ တစ်ဦးတည်း သီးသန့်စွဲဆိုထားတဲ့အမှုအတွက် အကြမ်းဖက်စစ်ကောင်စီ တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၃)နှစ် စီရင်ချက်ချမှတ်လိုက်တာဖြစ်ပါတယ်။
မကွေးမြို့က ကိုဇော်မင်းထက်ပါ ၂၆ ဦးရဲ့အမှုတွဲထဲမှာလည်း ကိုနောင်သူရိန်ကို ပုဒ်မ ၅၀၅ - က(ဂ) နဲ့ ထပ်မံတရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
မကွေးတက္ကသိုလ်၊ ဓာတုဗေဒအထူးပြု၊ စတုထ္ထနှစ်ကျောင်းသား ကိုနိုင်လင်းထွန်း (ခ) နောင်သူရိန် ကို မကွေးမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်က အကြမ်းဖက်စစ်အုပ်စုက မတရား ဖမ်းဆီးသွားတာပါ။
မကွေးအကျဉ်းထောင်မှာ တက္ကသိုလ်ကျောင်းသားတွေအပါအဝင် ဒေသခံပြည်သူ ရာနဲ့ချီပြီး အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားကာ ထောင်တွင်းတရားရုံးဖွဲ့စစ်ဆေးနေတာဖြစ်ပါတယ်။