ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ ဇွန်လ ၁၅ ရက်နေ့ ကိုဗစ်-၁၉ စစ်ဆေးမှုအရ မြို့မရဲစခန်းမှ ရဲ၀န်ထမ်း၂ ယောက်နဲ့ အချုပ်သား ၁ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။
ကိုဗစ်ပိုးတွေ့ရှိသူအားလုံးကို ငပုတောဆေးရုံမှာ ဆေးကုသပေးထားပြီး သူတို့နဲ့ ထိစပ်သူတွေအားလုံးကိုလည်း ဆက်လက်စစ်ဆေးသွားဖို့ လုပ်ဆောင်နေပါတယ်။
ငပုတောမြို့နယ်မှာ ကိုဗစ် ဒုတိယလှိုင်းကာလက ဒေသခံပြည်သူတွေဟာ mask တပ် ၊ လက်ဆေး စတဲ့ ကိုဗစ်အသိပညာပေးရေးလုပ်ငန်းတွေ အားကောင်းကောင်းနဲ့ လုပ်နိုင်ခဲ့တဲ့ မြို့နယ် ဖြစ်ပါတယ်။
ဧရာ၀တီတိုင်းဒေသကြီးမှာ ဇန်နဝါရီ ၃၁ ရက်အထိ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ အယောက် ၆၀ အထိရှိခဲ့တယ်လို့ တိုင်းကျန်းမာရေးဌာနရဲ့ စာရင်းအရ သိရပါတယ်။