မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ပညာရေးမှူးရုံးရှေ့မှာ ဇွန် ၁၁ ရက်ညက ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။
မြိုင်မြို့အရှေ့ထိပ်က မြို့နယ်ပညာရေးမှူးရုံးရှေ့မှာ ည ၈နာရီလောက်က ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာဖြစ်ပြီးတော့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အဲဒီပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီးတော့ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
မေ ၂၈ ရက်ကလည်း မြိုင်မြို့ အ.ထ.က ၂ မှာ ဗုံး ၅ လုံးဆက်တိုက်ပေါက်ကွဲ ပြီးတော့ စာသင်ကျောင်းမီးလောင်ခဲ့ပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်တဲ့ အချိန်ဟာ အကြမ်းဖက်စစ်ကောင်စီက ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့် ပုဒ်မ- ၁၄၄ ထုတ်ပြန်ထားတာကြောင့် ပြည်သူတွေ အပြင်မထွက်ကြဘဲ မိမိအိမ်ထဲမှာနေတဲ့ အချိန်ဖြစ်ပါတယ်။