“လိင်အကြမ်းဖက်ချက်ချင်းရပ်၊ မုဒိမ်းစစ်တပ် အမြစ်ဖြတ်” အမည်နဲ့ ကမ်ပိန်းတခု ကို လာမယ့် ဇွန် ၁၄ ရက်ကစ တပတ်တာ ကျင်းပသွားဖို့ ရှိနေပြီး နိုင်ငံတဝန်း ပါဝင်နိုင်ကြောင်း အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။
ဒီကမ်ပိန်းကိုတော့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ပဋိပက္ခအတွင်း လိင် အကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာနေ့ကို အထိမ်းအမှတ်ပြုကာ မြန်မာအမျိုးသမီး တွေအတွက် တရားမျှတမှုကို ပြန်လည်ရယူဖို့နဲ့ စစ်ကောင်စီရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ကျူးလွန်မှုတွေကို ထိထိရောက်ရောက် အရေးယူပေးနိုင်ဖို့သာမက စစ်အာဏာရှင် စနစ်ကိုပါ တပါတည်းအမြစ်ဖြတ်နိုင်တဲ့အထိ အရေးယူလုပ်ဆောင်ဖို့ နိုင်ငံတကာကို အသံလွှင့်တဲ့ တပတ်တာ ကမ်ပိန်းအဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကမ်ပိန်းရဲ့ ပထမဆုံးကဏ္ဍအနေနဲ့ ဆိုရှယ်မီဒီယာကမ်ပိန်းစတင်မယ့် ဇွန် ၁၄ ရက်နေ့မှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ထုတ်ထားတဲ့ တီရှပ်၊ ဒါမှမဟုတ် ခရမ်းရောင်ပါတဲ့ တီရှပ်ကို ဝတ်ဆင်ပြီး လက်သုံးချောင်းထောင်ကာ ဓာတ်ပုံရိုက်ပြီး အားလုံးပါဝင်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ အနှံ့အပြား ဖြစ်ပေါ်နေတဲ့ စစ်ကောင်စီ လက်ပါးစေ စစ်တပ်ရဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပပျောက်ရေးနဲ့ အကြမ်းဖက်ခံ အမျိုးသမီးတွေအတွက် ထောက်ပံ့ကယ်ဆယ်ရေး အစီအစဉ်တွေအတွက် ရည်ရွယ်ကာ ရံပုံငွေအင်္ကျီရောင်းချမယ့် အစီအစဉ်ကိုလည်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာဝန်ကြီးဌာနနဲ့ ချိတ်ဆက်ထားတဲ့ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတေးလျနဲ့ အမေရိကန်ပြည်ထောင်စုမှ လူငယ်အဖွဲ့တွေက ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။