ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ရဲ့ လမ်းညွှန်ချက်နဲ့ ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့ကို ခုလဆန်းပိုင်းမှာ ဖွဲ့စည်းထားပါတယ်။
အဲဒီကနေ့တဆင့် ဇွန်လ ၁၁ ရက် ဒီနေ့မှာတော့ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲမြို့နယ် မြို့နယ် ၇ မြို့နယ်မှာ အဖွဲ့၀င် ၇၄ ယောက်နဲ့ ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့ တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
တအာင်း(ပလောင်)ဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တရားတွေကို လည်ပတ်အောင် ကူညီပေးနေတဲ့ ၀န်းထမ်းတွေ အနေနဲ့ CDM ပါ၀င်ကြဖို့နဲ့ ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်ဖို့လည်း တိုက်တွန်းထားပါတယ်။
တအာင်း(ပလောင်)ဒေသ ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေး အကြမ်းမဖက်နည်းလမ်းနဲ့ ဆက်လည်း ဆန့်ကျင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။