မွန်ပြည်နယ်၊ မော်လမြိုင်လူငယ်တွေဟာ ဇွန်လ ၉ ရက်နေ့မှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ်ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
မော်လမြိုင်မှာတော့ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ ယာယီရပ်ဆိုင်းသွားခဲ့ရပြီးနောက် တကျော့ပြန် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဆန္ဒဖော်ထုတ်ခဲ့တဲ့ လူငယ်တွေက မော်လမြိုင်ပြည်သူတွေအနေနဲ့ စစ်အာဏာရှင် တော်လှန်ရေးမှာ သွေးမအေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
မော်လမြိုင်မှာတော့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်ရပ်ကွက်နေရာအနှံ့ လုံခြုံရေးယူထားသလို ပိတ်ဆို့စစ်ဆေးတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။