Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်၌ တောရဘုန်းကြီးကျောင်းကို စစ်တပ်ကဝင်မွှေပြီး ငွေကျပ် ၁၅ သိန်းကျော်ခိုးယူ
DVB
·
June 9, 2021
199084739_2853023948345843_4198643831474569070_n
198902453_2853023981679173_1855515451356134125_n
198776138_2853023918345846_9083449540496329578_n
198389976_2853023881679183_2645203195847696208_n
195813910_2853023848345853_1286056197102813897_n

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ယဉ်ကျေးရွာမှာ  ဇွန်လ ၈ ရက် မနက်က အကြမ်းဖက်စစ်တပ်က  တောရဘုန်းကြီး ထဲဝင်ရောက်ရှာဖွေပြီး ငွေကျပ် ၁၅ သိန်းကျော်ခိုးယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က  မနက် ၇ နာရီလောက်မှာ  စစ်ကား ၃ စီး လူအင်အား ၅၀ လောက်နဲ့ ရောက်လာပြီး တောရဘုန်းတော်ကြီးကျောင်းမှာရှိတဲ့ ကျောင်းသုံးပစ္စည်းတွေကို ဝင်ရောက်မွှေ နှောက်ဖျက်ဆီးကာ ဘုန်းကြီးကျောင်းက ငွေတွေကိုလည်းယူဆောင်သွားလို့ ဆိုပါတယ်။

ဘုန်းကြီးကျောင်းမှာ စစ်သင်တန်းပေးနေတယ်ဆိုပြီး ဒလန်တစ်ယောက်က သတင်းပေးလို့ စစ်တပ်က လာရောက်ပြီး ရှာဖွေသွားတာလို့လည်း သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024