Home
မြန်မာသတင်း
မိုင်းပွန်မြို့နယ်ရှိ ရှေးဟောင်းလိုဏ်ဂူထဲမှ ဆင်းတုတော်များ ဖျက်ဆီးခံရ
DVB
·
June 8, 2021
198723870_180533780662577_4879908782382656249_n
197237902_1860945897395913_4025759476420228735_n
194865728_967852007365115_357121617175770990_n
194781569_946667189209380_4094042929772788310_n
194238356_335178631372503_9046388700219062203_n
194210976_512542173121556_7803910807868863788_n
193529535_566483354532476_4986914033546701298_n
191878685_1839518026209821_5476591885371834136_n
191425810_192481396100383_9025473805619385527_n
190148300_898545554084558_205663527457762701_n
189687178_574947753908865_2128471891924159546_n
187941713_1457489707928570_8252707823106157889_n

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းပွန်မြို့နယ်ရှိ ရှေးဟောင်းဟွေယုတ်လိုဏ်ဂူထဲက ဘုရားဆင်းတုတော်တွေ တစ်လအတွင်း ၃ ကြိမ်တိုင် ဖျက်ဆီးခံခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့လက ၂ ကြိမ် ဖျက်ဆီးခံခဲ့ရပြီး ဒီဇွန်လ ၃ ရက်နေ့မှာ နောက်တကြိမ် ဖျက်ဆီး ခံခဲ့ရကာ ဖျက်ဆီးသူကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ လိုဏ်ဂူကို ပြုပြင်ထိန်းသိမ်းနေတဲ့ မိုင်းပွန်ဥယျာဉ်ကျောင်းတိုက်မှ သံဃာတော်တစ်ပါးက ဒီဗွီဘီကို မိန့်ပါတယ်။ 

“အဲဒီလိုဏ်ဂူကို ဦးဇင်းတို့ကျောင်းတိုက်က တာဝန်ယူပြုပြင်မွမ်းမံခဲ့တာ ဆယ်စုနှစ် ကြာခဲ့ ပါပြီ။ ဆင်းတုတော်က ရှေးလက်ရာရော အသစ်နဲ့ပါ ၂၅ ဆူလောက်ရှိတယ်။ ဂူမှာတော့ အစောင့်မရှိဘူး။ အလျဉ်းသင့်သလို သွားပြုပြင်တယ်၊ ပြီးတဲ့လကစ ဘုရားဆင်းတုတော်တွေ၊ သာသနာဆိုင်ရာရုပ်တုတွေ ဖျက်ဆီးထားတာကို စပြီးတွေ့ရတာ။ နှစ်ခါ ဖျက်ဆီးခံရတယ်။ ဘယ်နေ့ လာဖျက်ထားလဲတော့ မသိဘူး။ အထဲမှာ ဌာပနာပစ္စည်းတွေ ရှိ၊ မရှိလည်း မသိဘူး။ အဲဒါက ရှေးဘုရားတွေဆိုတော့လေ။  ဒီကဆုန်လဆုတ် ၇ ရက် (ဇွန်လ ၃ ရက်) နေ့ကတော့ လက်သမားဆရာတွေက ဂူအပြင်ဘက်မှာ ဇရပ်သွားဆောက်တော့ အထဲက အသံတွေ ကြားရတယ်။ ဂူထဲဝင်ကြည့်တော့ ဘုရားဆင်းတုတော်တွေကို ထုနှက်ဖျက်ဆီးနေတဲ့ လူတယောက်ကို တွေ့တာ။”

ဘုရားဆင်းတုတော် ဖျက်ဆီးသူကို လက်သမားဆရာတွေက ဖမ်းဆီးစစ်ဆေးမေးမြန်းရာမှာ စကားတစ်ခွန်းမှ မဟကြောင်း၊ မိုင်းပွန်ရဲစခန်းကို ပို့ထားပြီး စခန်းက စစ်မေးတာလည်း ဖြေကြား ခြင်းမရှိဘဲ မိုင်းပွန်မြို့မိမြို့ဖတွေ လာကြည့်မှ သူဟာ မိုင်းပွန်မြို့ နိုင်းနား (လယ်တော) ရပ်ကွက်နေ ခွန်ညွန့်ဝေ (အသက် ၂၂ နှစ်) ဆိုသူဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။ 

ခွန်ညွန့်ဝေမှာ မူးယစ်ဆေးဝါးသုံးထားခြင်းမရှိ၊ စိတ်မနှံ့သူပုံစံမပြဘဲ ခုလို ဘုရားဆင်းတုတွေ ဖျက်ဆီးနေတဲ့ ရည်ရွယ်ချက်ပေါ် စဉ်းစားလို့ မရဘူးလို့ ဦးဇင်း မိန့်ပါတယ်။ 

အဆိုပါ ဟွေယုတ်လိုဏ်ဂူကြီးဟာ မိုင်းပွန်မြို့ အရှေ့တောင်ဘက် ၂ မိုင်ကျော်အကွာမှာရှိပြီး အရပ်စကားနဲ့ ထမ့်ဝိုး (နွားလိုဏ်ဂူ) ဟုလည်း ခေါ်ဆိုကြပါတယ်။ လိုဏ်ဂူကြီးမှာ တောင်ပေါ်မှာရှိပြီး လူ ၄ ရပ်စာလောက်မြင့်တဲ့ မိုးလုံလေလုံခန်းမကျယ်ကြီးလို ဖြစ်နေတာပါ။

အတွင်းပိုင်းကို နာရီဝက်ကြာ လမ်းထပ်လျှောက်မှ ဂူနံရံကိုတွေ့ပြီး နောက်တစ်လမ်းမှာတော့ ဂူပေါက်ဝ အဆုံးမရှိဘဲ ရှေးလူကြီးတို့ ပြောဆိုချက်အရ အဲဒီလိုဏ်ခေါင်းဟာ နမ့်စန်မြို့ သုဝဏ္ဏသျှံဂူထိ ပေါက်တယ်လို့လည်း ဆိုပါတယ်။ 

အဆိုပါဂူကြီးကို ကမ္ဘာလှည့်ခရီးသွားတွေ လေ့လာစရာ သမိုင်းဝင်ဂူအဖြစ် မွမ်းမံပြင်ဆင်နေ စဉ် ခုလို ဆင်းတုတော်တွေ ဖျက်ဆီးခံရတာဖြစ်ပါတယ်။

ဟိုပုံးမြို့မှ မိုင်းပွန်သို့ ရောက်ခါနီး တစ်နေရာမှာလည်း ထမ်ဇန့် ( ဆင်လိုဏ်ဂူ ) လို့ခေါ်တဲ့ ရှေးဟောင်းဂူကြီးတစ်ခုရှိပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေအလာများတဲ့ ဂူကြီးတခုဖြစ်ပါတယ်။ အဆိုပါဂူကြီးရဲ့ လုံခြုံရေးကိုတော့ PNO  ပအိုဝ်းဌာနေပြည်သူ့စစ်တွေက တာဝန်ယူစောင့်ရှောက်ထားပါတယ်။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024