လောင်းရှည်ဒေသ (PDF) အမည်ကို အလွဲသုံးစားပြုလုပ်ပြီးတော့ အကြမ်းဖက်၊ ဖျက်ဆီးရေးလုပ်ရပ်တွေကို လုပ်ဆောင်လာပါက စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာတုံ့ပြန်သွားမယ်လို့ မေလ ၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လောင်းရှည်ဒေသ(PDF)အနေနဲ့ NUG အစိုးရက ထုတ်ပြန်ထားတဲ့ PDF ရဲ့ကျင့်ဝတ်၊ စည်ကမ်းနဲ့အညီ လိုက်နာဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံအနှံ့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီးတော့ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ ဘုရားဝင်းတွေ ၊ ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေးစတဲ့နေရာတွေမှာ ပြည်သူလူထုကို ထိခိုက်စေမယ့်လုပ်ရပ်တွေကို လောင်းရှည်ဒေသ(PDF) အနေနဲ့လုံးဝမပြုလုပ်ဘူးလို့ ထုတ်ပြန်ထားတာပါ။
တကယ်လို့ လောင်းရှည်ဒေသ PDF ရဲ့အမည်ကို အသုံးပြုပြီးတော့ အကြမ်းဖက်၊ ဖျက်ဆီးတာတွေပြုလုပ်လာရင် ထိထိရောက်ရောက်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။