အာဏာသိမ်းစစ်ကောင်စီကဖွဲ့တဲ့ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ယာယီအမှုဆောင် အဖြစ် မလုပ်လိုကြောင်း အဆိုတော် မနောက မေတ္တာရပ်ခံစာ ပို့ထားတယ်လို့ သိရပါတယ်။
မနောအနေနဲ့ အနုပညာပိုင်းမှာ ဝါသနာရှင်သာဖြစ်ပြီး ပညာရှင်မဟုတ်ကြောင်း၊ အတန်း ပညာမှာ မူလတန်းသာ အောင်ခဲ့သူဖြစ်ကြောင်းနဲ့ အသက်အရွယ်အနေနဲ့လည်း ၃၈ နှစ်သာ ရှိသေး ကြောင်း မေတ္တာရပ်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီလိုအကြောင်းတွေကြောင့် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ရဲ့ အမှုဆောင်အဖွဲ့ဝင်အဖြစ် မသင့်တော်တာကြောင့် နားလည်ခွင့်လွှတ်ပေးစေလိုကြောင်း ဆက်လက် ဆိုထားပါတယ်။
အဆိုတော် မနောအနေနဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ရဲ့ အမှုဆောင်အဖွဲ့ဝင် မဟုတ်ဘဲ ပရဟိတ ကိစ္စရပ်တွေ ဆောင်ရွက်မယ်ဆိုရင် မဆိုင်းမတွ ဆောင်ရွက်ပေးမယ်လို့ မေတ္တာရပ်ခံစာမှာ အသိပေးထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီကဖွဲ့တဲ့ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ယာယီအမှုဆောင် ဥက္ကဋ္ဌအဖြစ် အဆိုတော် ကိုင်ဇာ ပါဝင်နေပါတယ်။