မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ ဆင်ဖြူတော်ဘုန်းကြီးကျောင်းအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့ကို မေလ ၃၁ ရက် ညနေ ၃ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိမ်ဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က သတင်းထုတ်ပြန်ပါတယ်။
အဲဒီ တိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်အုပ်စုဘက်က ၂ ဦးသေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရခဲ့ကာ သိမ်ဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
သိမ်ဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို နည်းလမ်းမျိုးစုံနဲ့ ဆက်တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ စခန်း၊ ဌာန၊ စက်တပ်ယာဉ်တွေ အနီးကို မသွားရောက်ကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။