ငါန်းဇွန် CDM ပညာရေးဝန်ထမ်း ၄၀၀ ခန့်ကို တာဝန်ကယာယီရပ်ဆိုင်း
DVB
·
May 29, 2021
မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် အခြေခံပညာဦးစီးဌာနက CDM ဝန်ထမ်း ၃၉၂ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုင်ငံဝန်ထမ်းများနည်ဥပဒေများ၊ နည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ(ဃ)၊နည်းဥပဒေ ၁၇၀၊ နည်းဥပဒေခွဲ (က) အရ တာဝန်ပျက်ကွက်တဲ့ ဝန်ထမ်း ၃၉၂ ဦးကို မေ ၇ ရက်ကစပြီး တာဝန်က ယာယီရပ်နားလိုက်တာလို့ ဆိုပါတယ်။