Home
မြန်မာသတင်း
ဘားအံတက္ကသိုလ်က ဆရာ၊ ဆရာမ ‌၈၀ ထုတ်ပယ်ခံရ
DVB
·
May 27, 2021
191091386_1616659931998269_4919357304243180158_n

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်က ဆရာ၊ ဆရာမ ‌အယောက် ၈၀ ကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေကို  အကြောင်းပြချက် မရှိဘဲ တာဝန်ပျက်ကွက်တာ၊ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရာထူးက ထုတ်ပယ်လိုက်တာပါ။

ရာထူးကထုတ်ပယ်ခံလိုက်ရတဲ့ CDM ဆရာ၊ ဆရာမ အယောက် ‌‌၈၀ ဟာ ပြီးခဲ့တဲ့လက တာဝန်မှ ယာယီရပ်ဆိုင်းခြင်းခံထားရသူတွေ ဖြစ်ပါတယ်။

ထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမတွေထဲမှာ ပါမောက္ခ‌(ဌာနမှူး)တွေ၊ ပါမောက္ခ‌တွေ၊ ကထိက‌‌တွေနဲ့ လက်ထောက်ကထိကအဆင့်တွေဖြစ်တဲ့ အရာထမ်းဝန်ထမ်းတွေ ဖြစ်ပါတယ်။

ရာထူးမှ ထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ၆ လအတွင်း နိုင်ငံဝန်ထမ်းနည်းဥပဒေနဲ့ အညီ အယူခံဝင်နိုင်တယ်လို့ ဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024