Home
မြန်မာသတင်း
မြန်မာ့ရွှေဈေး သီတင်းနှစ်ပတ်အတွင်း ကျပ် ၂ သိန်းဝန်းကျင်ပြန်ကျ
DVB
·
May 25, 2021
GOLD Price

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် တစ်ကျပ်သားကို ကျပ် ၁၇ သိန်းကျော်ထိ အမြင့်ဆုံးဈေး ရောက်ရှိခဲ့တဲ့ မြန်မာ့အခေါက်ရွှေ ဈေးနှုန်းဟာ နှစ်ပတ်အတွင်းမှာ ကျပ် ၁၅ သိန်းဝန်းကျင်ကို ပြန်လည် ကျဆင်းလာခဲ့ပါတယ်။

ဒီနေ့ မေလ ၂၅ ရက်နေ့မှာ အကယ်ဒမီ မီးလင်းရွှေက တစ်ကျပ်သားကို ကျပ်တစ်ဆယ့်ငါးသိန်း သုံးသောင်း သုံးထောင်နဲ့ ဈေးပိတ်ခဲ့ပြီးတော့ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို  အမေရိကန်ဒေါ်လာ ၁၈၈၀ ဒေါ်လာရှိပါတယ်။

မြန်မာရွှေဈေးဟာ စစ်တပ်အာဏာမသိမ်းခင်  အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၃ သိန်း ဝန်း ကျင်သာ ရှိခဲ့ရာကနေ အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်တာ၊ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှုနည်းပြီး၊ ရွှေဝယ်စုနေကြတာကြောင့် အပြင်လက်ကြီးသမားတွေ ဈေးကွက်ဝင်ကစားတာတွေရှိနေတာကြောင့် မေလ ၁၂ ရက်နေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၇သိန်းကျော်ထိ အမြင့်ဆုံးဈေး ရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စသုံးလုံး ) ခိုင်းစေတဲ့အတိုင်း ရွှေဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက မေလ ၁၆ရက်နေ့မှာ  ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024