ပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ မော်လမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိကာလမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ပါးစေ ပျူစောထီးအဖွဲ့ဟာ စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းနေတဲ့ လူငယ်တွေ အချင်းချင်းကြား သဘောထားကွဲလွဲကြစေမယ့် လုပ်ရပ်တွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပျူစောထီးအဖွဲ့ရဲ့ လုပ်ရပ်တွေကို မြို့ခံပြည်သူတွေအနေနဲ့ ခွဲခြား သတိပြုကြဖို့ မော်လမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
မော်လမြိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဟာ ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီး၊ သတ်ဖြတ်မှုမှ ကာကွယ်ဖို့အပါအဝင် စစ်အာဏာရှင် အပြီးပိုင်ချုပ်ငြိမ်းရေးအတွက် မေလ ၁၃ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မော်လမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ မူဝါဒနဲ့ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။