Home
မြန်မာသတင်း
မူဆယ်ပျူစောထီးအဖွဲ့ ခြိမ်းခြောက်သတိပေးစာ ထုတ်ပြန်
DVB
·
May 23, 2021
MuSe PyuSawHtee threaten letter

အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ ရဲ့ လုံခြုံရေးကို တာဝန်မယူကြောင်း ‘ပျူစောထီးအဖွဲ့(မူဆယ်)’ ဆိုတဲ့အဖွဲ့က ခြိမ်းခြောက်တဲ့ သတိပေးထုတ်ပြန်စာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

သတိပေးစာမှာ NLD ပါတီဝင်တွေနဲ့ NLD ထောက်ခံသူတွေကို အကြမ်းဖက်မှု လုပ်ဆောင်နေသူတွေ၊ CRPH ကို မတရားအသင်း၊ NUG ကို တရားမဝင်အစိုးရလို့ စွပ်စွဲ ရေးသားထားပြီး လုပ်ဆောင်မှုတွေကို ကန့်ကွက်ကြောင်း ရေးသားထားပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းနှင့် မိသားစုဝင်တွေရဲ့လုံခြုံမှုကို တာဝန် မယူကြောင်း၊ CDM လှုပ်ရှားမှု ဆက်လက်လုပ်ဆောင်ပါက ဥပဒေအရ အရေးယူနိုင်ရေး လက်ရှိ (စကစ) အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ပျူစောထီးအဖွဲ့က CDM လှုပ်ရှားမှုကို စောင့်ကြည့်နေကြောင်း ပါဝင်ပါတယ်။

စာကို မေလ ၂၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ထားပြီး အဆိုပါစာ ပျံ့နှံ့ပြီးနောက် မူဆယ် ၁၀၅ မိုင် စီးပွားရေးဇုန်မှာ မေလ ၂၂ ရက်နေ့ နေ့လယ်က ဗုံး ၃ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ပျူစောထီးအဖွဲ့တွေကိုလည်း ပြည်သူတွေအပေါ် အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်နေတာတွေကို ချင်ခြင်းရပ်တန့်ဖို့ မြို့နယ်အချို့ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

မြို့နယ်အချို့မှာ ပျူစောထီးအဖွဲ့တွေကို ကြံ့ခိုင်ရေးပါတီဝင်တွေ၊ အမျိုးသားရေးသမားတွေ၊ အုပ်ချုပ်‌ရေးမှူးဟောင်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေပါဝင် ဖွဲ့စည်းထားကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024