စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုကို ရရာလက်နက်စွဲကိုင်ခုခံနေကြတဲ့ တိုက်ခိုက်ရေးအဖွဲ့အသီးသီးရဲ့လှုပ်ရှားမှုအတွက် နယ်မြေအလိုက် ဆက်သွယ်ရေး တာဝန်ခံတွေ ခန့်အပ်လိုက်တယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြု ကော်မတီက ထုတ်ပြန်ပါတယ်။
ဆက်သွယ်ရမယ့် နယ်မြေတွေကတော့ နာဂနယ်မြေ၊ ခန္တီး၊ မော်လိုက်ခရိုင်၊ တမူး၊ ကလေးခရိုင်၊ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ရွှေဘိုခရိုင်နဲ့ စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်ခရိုင်တို့ ပါဝင်ပါတယ်။
ဒီလိုဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ တိုက်ခိုက်ရေးအဖွဲ့အသီးသီးရဲ့ လိုအပ်ချက်တွေ၊ NUG၊ CRPH၊ PDFအဖွဲ့အစည်းနဲ့ အပြန်အလှန်ချိတ်ဆက်လို့ ရအောင်ရယ်၊ တိုင်းဒေသကြီးအတွင်း CDM ဝင်တွေအတွက် ထောက်ပံ့ရေးလုပ်ငန်းတွေ ပိုမိုလျှင်မြန်စေဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။