စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာတစ်ရွာမှာ မေလ ၁၈ ရက် နေ့လယ်ပိုင်းက GZ လူငယ်တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ CDM Supporting အဖွဲ့ဟာ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ နိုင်ငံ့ဝန်ထမ်း (ကျန်းမာရေး၊ ပညာရေး) တွေအတွက် ဂုဏ်ပြုလက်မှတ်နဲ့ ငွေသားတချို့ ထောက်ပံ့ပေးခဲ့ပါတယ်။
"ကျနော်တို့ရွာမှာ တခြားဒေသက လာရောက်တာဝန်ထမ်းဆောင်တဲ့ CDM သူရဲကောင်း ၅ ယောက်နဲ့ ရွာကနေ တခြားဒေသကိုသွားရောက်ပြီးတာဝန်ထမ်းဆောင်ကြတဲ့ CDM သူရဲကောင်း ၁၅ ယောက်၊ စုစုပေါင်း အယောက် ၂၀ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ဂုဏ်ပြုဆုငွေ ထောက်ပံ့ကြတာဖြစ်တယ်"လို့ လူငယ်တစ်ဦးကပြောပါတယ်။
CDM ကူညီထောက်ပံ့ လူငယ်အဖွဲ့ဟာ စျေးရောင်းချတာ လုပ်အားပေးတာတွေပြုလုပ်ပြီး ရန်ပုံငွေရှာဖွေကာ အခုလိုထောက်ပံ့ပေးတာဖြစ်ပါတယ်။
ဒါဟာပထမဆုံးအကြိမ် ဂုဏ်ပြုကြတာဖြစ်ပြီး နောက်နောင်မှာလည်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ လူငယ်တွေက ပြောပါတယ်။