Home
မြန်မာသတင်း
စစ်ကျွန်ပညာရေးအလိုမရှိ သရုပ်ပြခဲ့သူ ၁၀ တန်းကျောင်းသူ ၂ ဦးအား စစ်ကောင်စီဖမ်းဆီး
DVB
·
May 13, 2021
185560588_4164508266997929_2893428289046757934_n

သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာမှာ မေ ၁၁ ရက်နေ့က စစ်ကျွန်ပညာရေး အလိုမရှိလှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး ၁၀ တန်းကျောင်းသူ ၂ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က မနေ့က ဖမ်းဆီးသွားပါတယ်။

ဒေသခံ တယောက်က "ဟိုင်းလပ် အိမ်စီးကားနဲ့ မနေ့ညနေကတည်းက ရွာထဲမှာလှည့်နေတာ။ ညကျတော့ ဒလန်လို့ယူဆရတဲ့သူက ရှေ့ကနေ ဆိုင်ကယ်နဲ့အိမ်ပြပြီး ဓာတ်ပုံနဲ့တကွ ဖမ်းတာပါ။ ပြန်လွှတ်ပေးမယ်လို့ပြောပြီး ခုထိ ပြန်မလွှတ်သေးပါဘူး" လို့ ပြောပါတယ်။

ဖမ်းခံရသူတွေဟာ ၁၀ တန်းကျောင်းသူတွေဖြစ်တဲ့ မသွယ်သွယ်စန်းနဲ့ မထွန်းနဒီထွေး(ခ) မီးငယ်လေးတို့ ဖြစ်ပါတယ်။

ဒီမနက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကား ၃ စီးနဲ့ ရွာကို ပြန်ဝင်လာပြီး သရုပ်ပြ ဦးဆောင်သူနဲ့ ရွာကသပိတ် ဦးဆောင်သူတွေရဲ့ အိမ်ကို လိုက်ရှာနေကြပါတယ်။

"မနက် ၁၀ နာရီလောက်က ပြန်ဝင်လာတယ်။ သရုပ်ပြ ဦးဆောင်တဲ့သူနဲ့ သပိတ်ဦးဆောင်သူအိမ်ကိုမေးပြီးလိုက်နေကြတယ်။ မမိသေးပါဘူး" လို့ ဒေသခံတယောက်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024