စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့မှာ ပြည်သူလူထုကိုကာကွယ်ပြီး အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ဖို့ မေလ ၁၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခင်ဦး )ဖွဲ့စီးပြီးစီးကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ခင်ဦးမြို့နယ်နဲ့ အနီးဝန်းကျင်မှာ အာဏာရှင်ဆန့်ကျင်တဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေကို စစ်အကြမ်းဖက်တွေရဲ့ အန္တရာယ်မှကာကွယ်ဖို့၊ CDM ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ကာကွယ်ဖို့၊ အကြမ်းဖက်စစ်ကောင်စီကို ပြောက်ကျားစနစ်နဲ့ ခုခံဆန့်ကျင်ဖို့ လုပ်ဆောင်မယ်လို့ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးကို တခြားမြို့နယ်တွေနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဆောင်ရွက်မှာ မဖြစ်သလို NUG၊ CRPH၊ SPDF တို့နဲ့ချိတ်ဆက်ပြီး စစ်အာဏာရှင်စနစ် အကြွင်းမဲ့ချုပ်ငြိမ်းရေး နည်းစနစ်တကျဖေါ်ဆောင်သွားမယ်လို့လည်း ကြေညာချက်မှာထည့်သွင်းဖေါ်ပြထားပါတယ်။
ခင်ဦးမြို့နယ်မှာ မတ်လ ၂၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ပြည်သူ ၂ ဦးကျဆုံးခဲ့ရပြီး မတရားဖမ်းဆီးခံရသူ အယောက် ၃၀ ကျော်အထိရှိတယ်လို့သိရပါတယ်။