မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဘော်ဗဒန်းရွာက ခဲတွင်းပြိုကျပြီး လူ ၄ ဦး ပိတ်မိနေရာ မေလ ၁၀ ရက်နေ့မှာ ၁ ဦးရဲ့ အလောင်းကို တွင်းထဲကနေ ဆယ်ထုတ်နိုင်ပြီး ၃ ဦး တွင်းထဲ ပိတ်မိ နေသေးတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းက ပြောပါတယ်။
“ဒီနေ့ ၁ ဦးတော့ အလောင်းပြန်ဆယ်ထုတ်နိုင်ခဲ့တယ်။ ၄ ဦးပိတ်မိနေတာဆိုတော့ ၃ ဦးကျန်သေးတယ်။ တွင်းက ခန့်မှန်းလို့မရတာကြောင့် ၃ ဦးအခြေနေတော့မသိရသေးဘူး” လို့ လူမှုကူညီရေးအသင်းသား တစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြတ်စေတနာလူမှုကူညီရေးအသင်းနဲ့ မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး ကယ်ဆယ်ရေးကို ဆက်လက်ဆောင်နေကြပြီး သေဆုံးသူရဲ့ အလောင်းကို မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကိုပို့ ဆောင်ထားတယ်လို့သိရပါတယ်။
မိုးကုတ်မြို့မှာ မေ ၄ ရက်က အနက်ပေ ၉၅၀ ဝန်းကျင်ရှိတဲ့ ခဲတွင်းထဲကို ပြည်သူ ၆ ဦး ပြုတ်ကျပိတ်မိသွားပြီး ၃ ဦးကိုတော့ ဒီနေ့အထိ ဆက်လက်ရှာဖွေကယ်ဆယ်နေ တာဖြစ်တယ်လို့သိရပါတယ်။