မန္တလေးမြို့မှာ မေ ၇ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ ဖက်ဆစ်ပညာရေးစနစ် အလိုမရှိကြောင်း တပ်ပေါင်းစု သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
တပ်ပေါင်းစု သပိတ်စစ်ကြောင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ စက်မှုစုပေါင်းသပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ တမ္ပဝတီသပိတ်စစ်ကြောင်း၊ အထက (၇) ကျောင်းသား ကျောင်းသူဟောင်းများ သပိတ်စစ်ကြောင်း၊ အထက (၂၆) ကျောင်းသား ကျောင်းသူဟောင်းများ သပိတ်စစ်ကြောင်း၊ အထက (၂၇) ကျောင်းသား ကျောင်းသူဟောင်းများ သပိတ်စစ်ကြောင်း၊ ဒေါင်းစစ်သည်၊ မန္တလာတက္ကသိုလ်ကျောင်းသား ကျောင်းသူများ စစ်ကြောင်း ၊ ဖမ်းဆီးခံပြည်သူများ ကိုယ်စားပြု သပိတ်စစ်ကြောင်း တို့ပါဝင်ခဲ့ကြပါတယ်။