ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန် Tianjin Fashion အထည်ချုပ်စက်ရုံကို တရုတ်လုပ်ငန်းရှင်က ပိတ်သိမ်းပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ အလုပ်သမားအရေးကူညီပေးနေသူထွေထံက သိရပါတယ်။
စက်ရုံဟာ သင်္ကြန်ကာလ ဧပြီ ၁၂ ရက်ထဲက ပိတ်ထားတာဖြစ်ပြီး အလုပ်ပြန်ဖွင့်မယ့် မေ ၃ ရက်က သွားကြည့်တဲ့အခါ စက်ပစ္စည်းအဟောင်းတချို့နဲ့ မီးစက်လောက်သာ ကျန်တော့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံပိတ်ထားတဲ့အပြင် လစာတွေလည်း မပေးရသေးတာဖြစ်တဲ့အတွက် စက်ရုံရှေ့စု ဝေးတဲ့ အခါမှာလည်း စစ်ကောင်စီဘက်က လူစုလူဝေးမလုပ်ရဟု လာရောက်တားမြစ်တာတွေ ရှိပါတယ်။
အလုပ်သမားတွေရဲ့ဘဝကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ နိုင်ငံခြားသားအလုပ်ရှင်ကို အလုပ်သမားရုံးမှာ တိုင်ထားပေမဲ့ အကြောင်းမထူးသေးဘူးလို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စီးပွားရေးအပြင် ဘက်ပေါင်းစုံက ယိုယွင်း ကျဆင်းနေကာ အခုနှစ်မေလကုန်လောက်မှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတွေလည်း ပြန်ထွက်သွားဖို့ ရှိနေပါတယ်။
ဒါကြောင့် အလုပ်ရှင်တွေက အလုပ်သမားတွေကို တိုက်ရိုက်အလုပ်မဖြုတ်ဘဲ တစ်ဖက်လှည့်ထွက်ခွာမှုတွေရှိနေတဲ့အတွက် အလုပ်လက်မဲ့ပြဿနာတိုးမြင့်လာနေသလို အလုပ်သမားတွေလည်း စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။