မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ မေ ၆ ရက် မနက်ပိုင်းက စစ်ကျွန်ပညာရေး စနစ်တိုက်ဖျက်ဖို့ မန္တလေးမြို့ရှိ မဟာမိတ်သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး ချီတက်ဆန္ဒပြခဲ့ ပါတယ်။
မဟာမိတ်စစ်ကြောင်းမှာ မန္တလေးပညာရေးမိသားစုသပိတ်စစ်ကြောင်းအပါအဝင် မန္တလေး ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်း၊ အမရပူရမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ် ) ၊အောင်မြေသာစံအခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ ဘုရားကြီးငြိမ်းချမ်ရေးသပိတ်စစ်ကြောင်း၊ အ.ထ.က(၂၆) ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ အ.ထ.က (၇) ကျောင်းသားဟောင်းများသပိတ် စစ်ကြောင်း၊ မန္တလာတက္ကသိုလ်ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ သမဝါယမ တက္ကသိုလ်ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊ DTM (မန္တလေး) ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ MIITကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊တက္ကသိုလ်ဆရာဆရာမများသပိတ်စစ်ကြောင်း၊ တမ္ပဝတီလူထုသပိတ်စစ်ကြောင်း၊ စိန်ပန်းလူထုသပိတ်စစ်ကြောင်း၊ တပ်ပေါင်းစုသပိတ်စစ်ကြောင်း၊ အဖမ်းဆီးခံပြည်သူများကိုယ်စားပြု သပိတ်စစ်ကြောင်းတို့ ပါဝင်ခဲ့ကြပါတယ်။
ချီတက်ဆန္ဒပြရင်း အကြမ်းဖက် စစ်သူပုန်တွေ အသက်သွင်းနေတဲ့ စစ်ကျွန်ပညာရေး စနစ်အောက်မှာ ပညာမသင်ဘဲ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျရှုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ပေါက်ရေးတို့အတွက် တိုက်ပွဲဝင်ပြီး ဒီမိုကရေစီပညာရေးစနစ်အောက်မှာသာ ပညာသင်ကြားဖို့ ဟောပြောလှုံ့ဆော်ခဲ့ကြပါတယ်။