မြန်မာတပ်မတော်လေရဲ့ တပ်ဌာနချုပ်တွေက အရာရှိစစ်သည် ၈၀ လောက်ဟာ တပ်က နေထွက်ပြီးနောက်မှာ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ တပ်မတော်လေနဲ့နီးစပ်သူက ပြောပါတယ်။
အခုတပ်မတော်လေက ထွက်သွားတဲ့ အရာရှိစစ်သည်တွေဟာ မန္တလေး တံတပ်ဦး၊ နမ့်ဆန်၊ မြစ်ကြီးနား၊ ပုသိမ်၊ မင်္ဂလာဒုံနဲ့ တောင်ငူလေတပ်တွေက တပ်မတော်သားတွေ ဖြစ်တယ်လို့ ဆို ပါတယ်။
လေတပ်ဌာနချုပ်တွေမှာ ရှိနေတဲ့ တပ်မတော်သားတွေအနေနဲ့ နေစဉ် ည ၈ နာရီမှာ တန်းစီရကာ အဲဒီအချိန်မှာ မတွေ့ဘဲ ဖုန်းဆက်လို့ အဆက်အသွယ် မရပါက သက်ဆိုင်ရာ လေတပ် ဌာနချုပ်တွေက ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကို ပျောက်ဆုံးအဖြစ် ကြေးနန်းပို့ ရတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ စစ်တပ်က အာဏာသိမ်းတဲ့အပေါ် မလိုလားတဲ့ တပ်မတော် အရာရှိစစ်သည် ရာနဲ့ချီပြီး CDM လုပ်ထားကြပါတယ်။