Home
မြန်မာသတင်း
NAC စင်တာမှဖမ်းဆီးခံရသူ ၁၀ ဦးပြန်လွတ် ၊ ၂ ဦးကို ဆက်လက်ဖမ်းဆီးထား
DVB
·
May 3, 2021
000000000

CRPH ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်ဖြူဖြူသင်း ဦးဆောင်ဖွင့်လှစ်ထားတဲ့ HIV/AIDS ဝေဒနာရှင်တွေအတွက် ကူညီစောင့်ရှောက်ရေးစင်တာ NAC ကနေ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားသူတွေထဲက ၁၀ ယောက် ပြန်လွတ်လာပြီး  ၂ ယောက်ကို ဆက်ဖမ်းဆီး ထားတယ်လို့ ပြန်လွတ်လာသူတွေက ပြောပါတယ်။ 

မေလ ၂ ရက် မနေ့က အဖမ်းခံရသူတွေထဲမှာ ART ဆေးသောက်နေတဲ့ ကလေး ၃ ယောက်နဲ့ တခြားသူ  ၉ ဦး ပါဝင်တယ်လို့ ဒေါ်ဖြူဖြူသင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ  ရေးသားထားပါတယ်။ 

ဆက်ပြီး အဖမ်းခံရသူ နှစ်ယောက်ကတော့ ရန်ကုန်အလုပ်သမားဆေးရုံက CDM ဝန်ထမ်း တစ်ယောက်ဖြစ်ပြီး၊ နောက်တစ်ဦးကတော့ ART ဆေးသောက်နေရတဲ့ NAC စင်တာက စောင့်ရှောက်ထားတဲ့ လူနာတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

NCA စင်တာမှာ ရန်ကုန် အလုပ်သမားဆေးရုံက  CDM ဝန်ထမ်းတွေ ၄၀ ကျော် ခိုလှုံနေပြီး ဖမ်းဆီးမှုတွေမလုပ်ခင် အရင်တနေ့က ဂေဟာကို စစ်အုပ်စုက ရောက်လာပြီး သူတို့ကို စင်တာကနေ ပြောင်းဖို့ ဖိအားပေးခဲ့တယ်လို့  သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024