ကြောက်ခေတ်ကိုမှောက်ပစ်၊ အလံမလိပ်အသံမတိတ် မြို့အင်းစိန်သပိတ်
DVB
·
May 1, 2021
မေလ ၁ ရက်နေ့မနက်ပိုင်းမှာ အင်းစိန်လူငယ်တွေစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို ဆင်နွှဲခဲ့ကြပါတယ်။
စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီရရှိရေး၊ မတရား ဖမ်းဆီးခံထားရသူ အားလုံး ပြန်လွှတ်ပေးရေး ကြွေးကြော်သံတွေကို လူငယ်တွေက ကြွေးကြော်ခဲ့ပါတယ်။
ရပ်ကွက် ၂၁ ခုရှိတဲ့ အင်းစိန်မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးသူ ၉ ဦးအထိရှိခဲ့ပြီး မတရားဖမ်းဆီးခံရသူ ၁၀၀ကျော်ရှိနေပါတယ်။