မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ Ocean စင်တာမှာဖွင့်လှစ်ထားတဲ့ KBZ Bank မှာ ငွေထုတ်ဖို့ တန်းစီတိုကင်စောင့်နေတဲ့ ပြည်သူတွေကို ဘဏ်လုံခြုံရေး တာဝန်ယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်က သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ် ဧပြီ ၂၉ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သေနတ်ပစ်ဖောက်ပြီးနောက် ရဲက လူတန်း ညီညီ မစီရင် သေနတ်နဲ့ပစ်မယ်လို့ ထပ်မံ ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။
ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတဲ့ ပြည်သူတွေရဲ့ ဘဏ်စာရင်းအကောင့်တစ်ခုကို တစ်ပတ်လျှင် ကျပ် ၁၀ သိန်းသာ ထုတ်ခွင့်ပြုထားတာဖြစ်ပါတယ်။
အဲလို ထုတ်ယူရာမှာလည်း ဘဏ် ၁ ဘဏ်ကို တစ်ရက်လျှင် ဘဏ်စာအုပ် ၅၀ လောက်သာ ငွေထုတ်ပေးနေတဲ့အတွက် ပြည်သူတွေ ငွေထုတ်ဖို့ အခက်အခဲ ရှိနေကြပါတယ်။