မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၆ လမ်း၊ လမ်း ၇၀ အနီးရှိ စည်ပင်ဝန်ထမ်းအိမ်ရာကို ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းက ဗုံးနဲ့ပစ်ခံရတယ်လို့ သိရပါတယ်။
ဗုံးနဲ့ ပစ်ခံရတဲ့အတွက် ပန်းအိုးကွဲတာကလွဲလို့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ပေါက်ကွဲတဲ့အချိန် အနီးအနားမှာ ရှိနေသူတစ်ဦး က ပြောပါတယ်။
မန္တလေးမြို့မှာ ဧပြီ ၂၈ ရက်ညပိုင်းကလည်း ၇၃ လမ်း၊ ၂၇ လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီး ရုံးကို လက်လုပ်ဗုံးနဲ့ အပစ်ခံလိုက်ရပါတယ်။
ဒါ့အပြင် ဧပြီ ၂၈ ရက် နေ့ခင်းမှာပဲ စစ်ကောင်စီက ခန့်ထားတဲ့ မန္တလေး ဒုမြို့တော်ဝန် အိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၃၈ လမ်း ၇၃ လမ်း မှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့ကာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တချို့ ဒဏ်ရာရရှိခဲ့ပါတယ်။