မန္တလေးတိုင်း မိုးကုတ်မြို့ ရေပူရပ်မှာ နေထိုင်တဲ့ CDM လုပ်ထားတဲ့ ကျောင်းဆရာမကို မတွေ့တာကြောင့် အမေ နဲ့ အကိုဖြစ်သူကို ဖမ်းတဲ့အပြင် တစ်မိသားစုလုံး ဖမ်းမယ်လို့ ခြိမ်းခြောက်ခံနေရပါတယ်။
CDM လုပ်တဲ့ ကျောင်းဆရာမရဲ့ အမေဖြစ်သူ ဒေါ်မာ နဲ့ အကိုဖြစ်သူ ကိုကျော်စွာလင်းကို ဧပြီ ၂၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး မိုးကုတ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
“အမေက စာလှမ်းပို့တယ်။ အမကို အလုပ်ပြန်မဝင်ရင် အမေနဲ့ အကိုကို ပြန်လွှတ်ပေးမှာ မဟုတ်ပဲ တစ်မိသားစုလုံးကိုပါ ထပ်ဖမ်းမယ်လို့ ခြိမ်းခြောက်ခံနေရတယ်တဲ့။” လို့ ဆရာမ ဒေါ်မေသူဇာလင်း ရဲ့ မောင်ဖြစ်သူ က ဆိုပါတယ်။
ဘားနဒ်မှာ တာဝန်ကျတဲ့ အလယ်တန်းပြ ဆရာမ ဒေါ်မေသူဇာလင်းဟာ စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်လိုတာကြောင့် အကြမ်းမဖက် အာဏာဖီဆန်မှုလုပ်ခဲ့တာဖြစ်ပြီး အခုအခါ ရှောင်တိမ်းနေရပါတယ်။