အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ကခန့်ထားတဲ့ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်ရဲ့ ရန်ကုန်ရှိ နေအိမ်မှာ ဧပြီ ၂၃ ရက်နေ့ ည ၉ နာရီလောက်က ဗုံးပေါက်ကွဲသံကြားခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်းပေါ်ရှိ ဒေါ်သက်သက်ခိုင်ရဲ့နေအိမ်မှာ ပေါက်ကွဲတဲ့အသံ အကျယ်ကြီး ကြားခဲ့ရတာလို့ဆိုပါတယ် ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပိုင်းအကြားမှာ ရဲနဲ့ စစ်တပ်ရောက်လာပြီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် မနေ့ညက စမ်းချောင်း တရုတ်ကျောင်းလမ်းနဲ့ မင်းလမ်းဘက်မှာလည်း အသံဗုံးကွဲတာမျိုးတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် လူတွေထိခိုက် ဒဏ်ရာရတဲ့သတင်းတွေကတော့ လက်ရှိအချိန်အထိ မကြားသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့ညကလည်း အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ဝင် ဦးသိန်းညွန့်ရဲ့ သင်္ဃန်းကျွန်းမြိုနယ်ရှိ နေအိမ်ခြံဝင်းအတွက် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။