Home
မြန်မာသတင်း
CDM မလုပ်ရန် မိုးမိတ်မြို့က ဆရာ၊ ဆရာမများကို ဖိအားပေး
DVB
·
April 23, 2021
177464539_113437840856949_631175010741313170_n

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့က ပညာရေးဆရာ၊ ဆရာမတွေကို ကျောင်းအုပ်ကြီးတွေက အစည်းဝေးခေါ်ယူပြီး CDM မလုပ်ကြောင်း ခံဝင်ကတိထိုးခိုင်း နေတယ်လို့ ဒေသခံတစ်ဦးဆီက သိရပါတယ်။

CDM လုပ်ပါက ဆရာ၊ ဆရာမတွေယူထားတဲ့ ချေးငွေကိုဆပ်သွားဖို့နဲ့ ပုဒ်မ ၅၀၅ နဲ့လည်း တရားစွဲမယ်လို့ ကျောင်းအုပ်တွေက ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

လုပ်သက်ရင့်နေတဲ့ ဆရာ၊ ဆရာမတွေက CDM ကိုပဲ ပြုလုပ်မှာဖြစ်ပြီး ထွက်စာတွေ တင်ကြတာတွေရှိသလို CDM လုပ်ဖို့ အခက်ခဲရှိနေတဲ့ ဆရာ၊မတွေကတော့ ခံဝန်ကတိတွေ ထိုးနေရတယ်လို့ သိရပါတယ်။

မိုးမိတ်မြို့မှာလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်တွေကိုပြုလုပ်နေပြီး CDM လုပ်လို့ ပုဒ်မ ၅၀၅ နဲ့ စွဲခံထားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024