မွန်ပြည်နယ်အတွင်းက မြို့နယ်အလိုက် လူငယ်၊ ကျောင်းသား၊ ပြည်သူ၊ ဝန်ထမ်း၊ ပညာရှင်တွေနဲ့ ရပ်မိရပ်ဖ တွေပူးပေါင်းပြီး ဧပြီ ၂၂ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပါတယ်။
ရွေးကောက်ခံကိုယ်စားလှယ်တွေကို အာဏာပြန်လွှဲဖို့၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကို အကာအကွယ်ပေးနိုင်ဖို့၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပူးပေါင်းပြီး ဖက်ဒရယ်စနစ်ကို ထူထောင်ဖို့ စတဲ့ရည်ရွယ်ချက် ၅ ချက်နဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
ဖက်ဒရယ်တပ်မတော်မဖြစ်ပေါ်လာသေးခင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မူဝါဒတွေနဲ့အညီ မွန်ပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့က ရပ်တည်သွားမယ်လို့လည်း ဆိုပါတယ်။