မြစ်ကြီးနား ကျောင်းသားသမဂ္ဂသပိတ် ဆက်လက်ဆန္ဒပြ
DVB
·
April 23, 2021
မြစ်ကြီးနားမြို့မှာ ကျောင်းသားတွေ ဖမ်းဆီးခံနေရပေမယ့်လည်း ဧပြီ ၂၃ ရက်နေ့မနက်က မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားကျောင်းသူတွေနဲ့ မြစ်ကြီးနား ဒေသခံတွေ စုပေါင်းပြီး အင်ဂျန်ဒုံရပ်ကွက်မှာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက မြစ်ကြီးနားမြို့မှာ အထွေထွေသပိတ်မှလူငယ်တွေ၊ မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂတွေ၊ ပင်မသပိတ်တွေပ ဒေသခံတွေ စုပေါင်းပြီး ဒီနေ့အထိ ဆက်လက်ဆန္ဒပြခဲ့ကြတာပါ။