စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ပြီး Student’s CDM လုပ်သွားမယ်လို့ ရေနံချောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂက ကြေညာပါတယ်။
နိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်တွေကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်မှာ ပြန်လည် ဖွင့်လှစ်မယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာထားခဲ့ပါတယ်။
“အာဏာလုစစ်ကောင်စီရဲ့စစ်ကျွန်ပညာရေးစနစ်အောက်မှာ ကျွန်ုပ်တို့ ရေနံချောင်း တက္ကသိုလ်မှာ ပညာသင်ကြားနေကြသော ကျောင်သား / ကျောင်းသူတွေအနေနဲ့ ပြည်သူ့သစ္စာ ဖောက်လောက်ကောင်တွေက သင်ကြားပေးတဲ့ စစ်ကျွန်ပညာရေးကို လက်ခံသင်ယူမည် မဟုတ်ကြောင်း” ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ဝန်ထမ်း CDM သူရဲကောင်းတွေနဲ့အတူ ရပ်တည်ပြီး "Student's CDM" ကို လုပ်ဆောင်သွားမှာဖြစ်ပြီး အရေးတော်ပုံအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။