ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ပြည်သူလူထုအတွက် အဆင့်မြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ပုဂ္ဂလိကပိုင်ဆေးရုံ “စိန်သစ္စာ” နဲ့ “စွမ်းမေတ္တာ “ဆေးရုံ ၂ ရုံကို လိုင်စင်ပိတ်သိမ်းမယ်လို့ အာဏာသိမ်းစစ်ကောင်စီပိုင်မြဝတီရုပ်သံမှာ ကြေညာသွားပါတယ်။
ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်တွေက CDM ပြုလုပ်ခဲ့ကာ အဆိုပါ ပြင်ပဆေးရုံနှစ်ခုမှာ သွားရောက်လုပ်ကိုင်နေတာကြောင့် လိုင်စင်ပိတ်သိမ်းရတာလို့ သတင်းမှာ ကြေညာသွားပါတယ်။
ဗန်းမော်မြို့မှာ CDM မှာ ပါဝင်လို့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံထားရတဲ့ အထူးကုဆရာဝန် ၆ ယောက်အထိရှိနေပြီဖြစ်ပါတယ်။
လက်ရှိမှာ ဗန်းမော်မြို့ရှိ စစ်ကောင်စီသိမ်းပိုက်ထားတဲ့ ပြည်သူ့ဆေးရုံတွေမှာလည်း ပြင်ပလူနာတွေကို မောင်းထုတ်နေသလို ဆေးကုသမှုခံယူနေတဲ့ လူနာတွေကိုလည်း အဝင်အထွက်တင်းကြပ်ထားပြီး လူနာစောင့်တွေ လှဲလှယ်ခွင့်မရရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။