ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်တယ်ဆိုပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်က တရားစွဲဆိုကာ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်း ပုသိမ်အကျဉ်းထောင်မှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်က ဒေါက်တာ သန်းမင်းထွဋ်ကို ဥပဒေ ၅၀၅-က နဲ့ “အများပြည်သူ အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ပြီး ဆရာဝန် ကျင့်ဝတ်များကို ဖောက်ဖျက်၍ CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ပြီး ပြည်သူများစိတ်တွင် စိုးရိမ်အောင် ပြုလုပ်ခြင်း” စတဲ့ အကြောင်းပြချက်တွေနဲ့ အမှုဖွင့်တိုင်တန်းပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
မေလ ၅ ရက်နေ့ကို ၅ ကြိမ်မြောက်ရုံးချိန် ပြန်ချိန်ဆိုးထားပြီး တရားလို မြို့နယ်ရဲမှူးအပါ ၃ ဦးကို စတင် စစ်ဆေးသွားမှာဖြစ်ပါတယ်။
လက်ရှိအချိန်အထိ မိသားစုနဲ့ တွေ့ဆုံခွင့် မရသေးပေမယ့် ဒေါက်တာသန်းမင်းထွဋ် ကျန်းကျန်းမာမာ ရှိတယ်လို့လည်း သိရပါတယ်။
ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ်ကို မတ် ၁၂ ရက်နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးသွားတာပါ။