ဗြိတိန်ဓနသဟာယနှင့် ဖွံ့ဖြိုးမှုရုံး၊ နိုင်ငံခြားရေးဌာန အစိုးရအဖွဲ့ဝင် အာရှဒေသဆိုင်ရာ ဝန်ကြီး နိုင်ဂျယ်အဒမ်စ်ဟာ အမျိုးသားညီညွတ်ရေးအစိုး (NUG) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနဲ့ ဧပြီလ ၂၀ ရက်နေ့က မြန်မာနိုင်ငံအရေး ဆွေးနွေးခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ အရေးကြီးတဲ့လုပ်ဆောင်မှုတွေနဲ့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒီမိုကရေစီအတွက် ရပ်တည်ချက်ကို ကြိုဆိုတယ်လို့ ယူကေ ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေရဲ့ ရဲစွမ်းသတ္တိကို ဝန်ကြီး အဒမ်စ်က ချီးကျူးခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ဖော်ဆောင်ဖို့ စစ်အာဏာရှင်တွေ ကို ယူကေအစိုးရ အနေနဲ့ ဆက်လက်တိုက်တွန်းသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
အဲဒီအပြင် အမျိုးသားညီညွတ်ရေးအစိုးရမှာ မတူကွဲပြားတဲ့ တိုင်းရင်းသားပေါင်းစုံ ပါဝင်မှု အတွက်လည်း ဝန်ကြီးအဒမ်စ်က ချီးကျူးခဲ့ပြီး ရာဇဝတ်မှုကျူး လွန်သူတွေကို အရေးယူနိုင်ဖို့ လူ့အခွင့်ရေးချိုးဖောက်မှု သက်သေအထောက်ထားတွေ စုဆောင်းထိန်းသိမ်းဖို့လည်း ပြောဆိုခဲ့ ပါတယ်။
ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဒေါက်တာဆာဆာကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ သွေးချောင်းစီးမှုကို ရပ်တန့်ဖို့နဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်လာနိုင်တဲ့ ပြည်တွင်းစစ်ကြီးကို တားဆီးနိုင်ဖို့အတွက် ဒီမိုကရေစီ ပြန်လည်ရယူဖို့ ကြိုးပမ်းမှုတွေကို ဆက်လက် ပံ့ပိုးကူညီနေတဲ့ ဗြိတန်အစိုးရကို လေးစားကျေးဇူးတင်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။