ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ လူငယ်တွေစုစည်းပြီး ပြည်သူ့လှည်းနဲ့ ရပ်ကွက်အတွင်းလှည့်လည်ကာ လိုလျှင်ယူ ပိုလျှင်လှူဆိုတဲ့ လှုပ်ရှားမှုတစ်ခုပြုလုပ်ကာ လိုက်လံ လှူဒါန်းနေပါတယ်။
အခုအခါမှာတော့ ဝိုင်းဝန်းကူညီသူများလာကြောင့် ပြည်သူ့လှည်းမှ ကား၄စီးနဲ့ လှူဒါန်းမှုပုံစံကို ပြောင်းလဲလုပ်ဆောင်ခဲ့ကြတာပါ။
အဲ့လို လှူဒါန်းရာမှာလည်း လိုအပ်သလောက်မျှတစွာလာရောက်ယူဆောင်သူတွေအပြင် အလှူငွေတွေကို ပြန်လည်လာရောက်လှူသူတွေလည်း များစွာရှိခဲ့ပါတယ်။
တနေ့တာအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၇ သိန်း နီးပါးခန့် ရှိပြီး ရပ်ကွက်အလိုက်၊ နေ့စဉ် လှူနိုင်အောင် ကြိုးစားသွားမယ်လို့ လိုရင်ယူ ပိုလျှင်လှူ အဖွဲ့ဝင်က ပြောပါတယ်။
Photo... CJ