အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့ ဆရာ၊ ဆရာမတွေကို ထုတ်ပယ်ပြီး မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပါတယ်။
အရင် ဆရာများသမဂ္ဂအဖွဲ့အချို့ဟာ CDM မလုပ်ဘဲ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီနဲ့ ပူပေါင်းဆောင်ရွက်နေတဲ့အတွက်ကြောင့် မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂ ဖျက်သိမ်းလိုက်ပြီးလို့ ဧပြီ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိမှာတော့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂကို ယာယီအလုပ်မှုဆောင် ၁၀ ဦးနဲ့ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တာပါ။
တဖက်မှာတော့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဟာ CDM မလုပ်တဲ့ ဆရာ၊ ဆရာမတွေကို တိုင်းပြည်သစ္စာဖောက်အဖြစ် ထုတ်ပြန်ကြေညာနေပါတယ်။