Home
မြန်မာသတင်း
မြစ်ကြီးနားရဲတပ်ရင်း အသံမိုင်းဖြင့်အပစ်ခံရ
DVB
·
April 12, 2021
172595335_1200654703727123_2436795828039423165_n

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ရဲတပ်ရင်း အမှတ် ၃၀ ကို ဧပြီ ၁၁ ရက် ည ၇ နာရီကျော်လောက်က  အသံ မိုင်းနဲ့ ၃ ချက် ပစ်ခတ်ခံခဲ့ရတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

အဲ့ဒီရပ်ကွက်မှာနေထိုင်တဲ့သူတစ်ယောက်က “အသံမိုင်းပစ်ခံရလို့ ရဲတပ်ရင်းအထဲကနေ မဲမဲမြင်ရာသေနတ်နဲ့ ပြန်ပစ်တဲ့ပုံစံမျိုးပဲ။ သေနတ်သံ ၁၅ ချက်နီးပါးလောက်ကြားလိုက်ရတယ်။ ရဲတပ်ရင်းအထဲက အမျိုးသမီးတွေနဲ့ ကလေးတွေကတော့ ဘေးချင်းကပ်ရပ်က မြစ်ကြီးနားထောင်ဘက်ကို ပြေးလာတာ တွေ့လိုက်တယ်”လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ရှိမရှိကိုတော့ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒီနေ့ည ပစ်ခတ်မှုအပြီးမှာ ရဲတပ်ရင်း (၃၀)ရဲ့ ဝင်းအပြင်ဘက် လေးဘက်လေးတန်ကို အတားအဆီးဂိတ်တွေနဲ့ ပိတ်ထားလိုက်ပါတယ်။

မတ် ၂၈ ရက်နေ့ကလည်း တပ်ကုန်းရပ်ကွက်က ခရိုင်ပညာရေးမှူးရုံးအထဲကို အသံဗုံးနဲ့ပစ်ခံခဲ့ရပြီး အောင်နန်းရပ်ကွက်အတွင်းမှာရှိတဲ့ နယ်မြေရဲစခန်းကိုလည်း မီးကွင်းပစ်ခံခဲ့ရပါတယ်။ 

မြစ်ကြီးနားမြို့က ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းနဲ့ နယ်မြေရဲစခန်းကိုလည်း မတ်လကလည်းက ညဘက်အချိန်မှာ ပြည်သူတွေ ဖြတ်သန်းသွားလာလို့မရအောင် အတားအဆီးဂိတ်တွေနဲ့ ပိတ်ထားတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024